ရီးယဲလ်ဆိုစီဒက်တိုက်စစ်မှူး ဝီလီယံဂျို့စ်ကို ဝုဖ်အသင်း အငှားဖြင့် ခေါ်ယူ
ဝုဖ်အသင်းက ဆိုစီဒက်အသင်းတိုက်စစ်မှူး ဝီလီယံဂျို့စ်ကို ရာသီအကုန်အထိ အငှား စာချုပ်နဲ့ ခေါ်ယူခဲ့ပါတယ်။ ဝုဖ်က အငှားကာလပြည့်မြောက်ချိန် ၂၀၂၁ ခုနှစ် နွေဈေးကွက် မှာတော့ ဂျို့စ်ကို အပြီးသတ်ဝယ်ယူဖို့ သဘောတူထားပြီးဖြစ်ပါတယ်။