ရန်ကုန်-မော်လမြိုင်ကားလမ်းမပေါ်တွင် ဆိုင်ကယ်တိမ်းမှောက်ရာ မောင်းသူ သေဆုံး

သထုံခရိုင် ပေါင်မြို့နယ် အင်းဗြောင်ကျေးရွာ ကွာလီအကွေ့ ရန်ကုန်-မော်လမြိုင်ကားလမ်းမပေါ်တွင် ဇွန် ၁၆ ရက် ည ၈ နာရီခန့်က အမျိုးသားတစ်ဦးမောင်းနှင်လာသော ..........
မြဝတီမြို့နှင့် တမူးမြို့တို့တွင် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ
မြဝတီမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့သည် ဇွန် ၁၄ ရက် ည ၈ နာရီ ၄၅ မိနစ်က မြဝတီမြို့၊ အမှတ်(၅)ရပ်ကွက်၊ ဝါးတောရပ်၊ အမှတ်(၁၃) ဂိတ်အဝင်လမ်း၌ တွေ့ရှိသူ ............
ဖားကန့်၌ ရေမဆေးကျောက်ရှာဖွေသူတစ်ဦး ကျောက်တုံးထိမှန် သေဆုံး
ကချင်ပြည်နယ် ဖားကန့်မြို့နယ်၌ ဇွန် ၁၅ ရက် နံနက်က ကျောက်မျက်တူးဖော်ရေးလုပ်ကွက်အတွင်း ရေမဆေးကျောက် ရှာဖွေသူတစ်ဦး ကျောက်တုံးထိမှန် သေဆုံးခဲ့ကြောင်း ..........
ပေါင်မြို့နယ်တွင် ဟိုက်ဂျက်ယာဉ်တစ်စီးအရှိန်မထိန်းနိုင်ဘဲ စလစ်ဖြစ်ကာ ယာဉ်ပေါ်ပါသူ ၆ ဦးစလုံး ထိခိုက်ဒဏ်ရာများရရှိ
သထုံခရိုင် ပေါင်မြို့ မိုးနိုင်းရပ်ကွက် ရန်ကုန်-မော်လမြိုင်ကားလမ်းတွင် ဟိုက်ဂျက်မော်တော်ယာဉ်တစ်စီး အရှိန်မထိန်းနိုင်ဘဲ စလစ်ဖြစ်ကာ ယာဉ်မောင်းနှင့်ယာဉ်ပေါ်ပါသူ ၆ ဦး နာကျင်ပွန်းပဲ့ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း မြို့မရဲစခန်းမှ သိရသည်။
လှည်းကူးမြို့နယ်၌ တရားမဝင် သစ်ခွဲသားများတင်ဆောင်လာသော (၆)ဘီးယာဉ်တစ်စီးဖမ်းမိ 
ရန်ကုန်မြောက်ပိုင်းခရိုင် လှည်းကူးမြို့နယ်၌ တရားမဝင် သစ်ခွဲသားများတင်ဆောင်လာသော (၆)ဘီးယာဉ် တစ်စီးကို ဇွန်(၁၄)ရက် ညနေ(၃) နာရီခွဲအချိန်က ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။   
လိုက်ထရပ်ယာဉ် အရှိန်မထိန်းနိုင်ဘဲ ကုက္ကိုလ်ပင်အားဝင်တိုက်မိ ယာဉ်ပေါ်ပါသူ ၂ ဦးစလုံး အခင်းဖြစ်နေရာတွင်သေဆုံး
ရန်ကုန်မြောက်ပိုင်းခရိုင် လှည်းကူးမြို့နယ် ဆားတလင်းလမ်းဆုံ မိုင်တိုင်အမှတ်(၂၄/၅)နှင့် (၂၄/၆) တွင် ဇွန် ၁၅ ရက် ညပိုင်းက လိုက်ထရပ်ယာဉ်တစ်စီး အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးထိုးကျကာ ကုက္ကိုပင်အား တိုက်မိခဲ့သဖြင့် ယာဉ်ပေါ်ပါလာသူ ၂ ဦးစလုံး သေဆုံးမှုဖြစ်ပွားခဲ့ကြောင်း ဒါးပိန်နယ်မြေရဲစခန်းမှ သိရသည်။
တာချီလိတ်မြို့နယ်၌ မူးယစ်ဆေးဝါးများ၊ မူးယစ်ဆေးဝါးပြုလုပ်ရာအသုံးပြုသည့် ဆက်စပ်ပစ္စည်းများနှင့် လက်နက်ခဲယမ်းများ ပိုင်ရှင်မဲ့သိမ်းဆည်းရမိ
တာချီလိတ်မြို့နယ်၊ ပါခါးကျေးရွာအနီး မြေသားရေမြောင်းအတွင်း၌ တာလပတ်စ/ သစ်ကိုင်းများဖြင့် ဖုံးကွယ်ထားသည့် ဆာလာအိတ် ၂၁ အိတ်အား မသင်္ကာဖွယ်တွေ့ရှိရသဖြင့် ပူးပေါင်းအဖွဲ့မှ ယမန်နေ့ မွန်းလွဲ ၃ နာရီတွင် စစ်ဆေးရာ စိတ်ကြွဆေးပြား ၄၂ ဒသမ ၅၄ သိန်း ၊ စိတ်ကြွဆေးမှုန့် ၁ ဒသမ ၉ ကီလို ၊ ကတ်တမင်း ၉၀ဝ ဂရမ် ၊ ဘိန်းညိုမှုန့် ၅ ကီလို ၊ သေနတ်မျိုးစုံ ၉ လက်၊ ကျည်အိမ် ၈ ခု၊ ခဲယမ်းမျိုးစုံ ၁၉,၂၇၉ တောင့်၊စကားပြောစက် ၄ လုံးတို့အား ပိုင်ရှင်မဲ့ သိမ်းဆည်း ရမိခဲ့သည်။