ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ ချောင်းဗြဲကြီးကျေးရွာအုပ်စု၊ မပွေးတန်းကျေးရွာတွင် ယမန်နေ့ နေ့လယ် ၁ နာရီခွဲအချိန်၌ မပွေးတန်းကျေးရွာနေ ဦးဝကြီး(ခ)ပြုံးချို (၄၁)နှစ် ကို တစ်ရွာတည်းနေ အောင်သန်းစိုး(၃၄)နှစ်က ဓားဖြင့်နေအိမ်ပေါ်တက်ခုတ်၍ ထွက်ပြေးသွားကြောင်း ဦးဝကြီး(ခ) ပြုံးချို ၏ ဇနီးဖြစ်သူမှ တရားလိုပြုလုပ်၍ ကြိမ်ချောင်းကြီးနယ်မြေရဲစခန်းသို့ ယမန်နေ့ညနေ ၅ နာရီ ၄၅ မိနစ် အချိန်တွင် တိုင်ကြားခဲ့ပြီး ဓားဖြင့်ခုတ်ခံရသူ ဝကြီး(ခ)ပြုံးချိုမှာ လည်ပင်းပြတ်ရှဒဏ်ရာ(၁)ချက်ဖြင့် နေအိမ်ပေါ်တွင် သေဆုံးခဲ့သည်။