ဆိုင်ကယ်နှင့်  ကား မျက်နှာချင်းဆိုင် တိုတ်မိသဖြင့်   ဆိုင်ကယ်မောင်းနှင်သူ သေဆုံး

ဆားလင်းကြီး  ၁၄  ဒီဇင်ဘာ

 

စစ်ကိုင်းတိုင်ဒေသကြီး  ယင်းမာပင်ခရိုင်  ဆားလင်းကြီးမြို့  နတလ  လမ်းဆုံအနီး    ဆိုင်ကယ်နှင့်ကား မျက်နာချင်းဆိုင် တိုတ်မိသဖြင့်  ဆိုင်ကယ်စီးနင်းမောင်းနှင်သူ  သေဆုံးမှု  ဒီဇင်ဘာ  ၁၃  ရက်နေ့နံက်  ၁၁  နာရီအချိန်က  ဖြစ်ပွားခဲ့ကြောင်း သိရသည်။

 

ဖြစ်စဉ်မှာ  အနောက်မှအရှေ့သို့    ဆားလင်းကြီးမြို့   အမှတ်  ၃  ရပ်ကွက်နေ  ယာဉ်မောင်း  ကိုမင်းလွင်  (စာနာစိတ်) လူမှုကူညီရေး အသင်းအဖွဲ့ပိုင်    အဖြူရောင်ယာဉ်နှင့် အရှေ့မှအနောက်သို့   ဆားလင်းကြီးမြို့နယ်  ဘုတ်စုကျေးရွာနေ   ကိုဘိုသောင်း ရှေ့မှ စီးနင်းမောင်းနှင်ပြီး  ၎င်းနောက်မှ  ဇနီးဖြစ်သူ  မဝင်းကြွေနှင့် သားဖြစ်သူ  ရဲမင်းမောင်တို့  စီးနင်းလိုက်ပါလာသော  အစိမ်းရောင်  စူပါကပ်ဆိုင်ကယ်တို့  မျက်နှာချင်းဆိုင်တိုတ်မိသဖြင့်  ဆိုင်ကယ်ပေါ်တွင်  စီးနင်းလိုက်ပါလာသူများ  ဒဏ်ရာများ အသီးသီးရရှိခဲ့သဖြင့်  ဆားလင်းကြီးမြို့ပြည်သူ့ ဆေးရုံ၌  ဆေးကုသမှု ခံယူနေရာမှ    ဆိုင်ကယ်စီးနင်းမောင်းနှင်သူ  ကိုဘိုသောင်းမှာ  ရရှိသောဒဏ်ရာဖြင့် သေဆုံးသွားကြောင်း  သိရှိရသည်။

 

ဖြစ်စဉ်နှင့်ပတ်သက်၍  လူကိုသေဆုံး ထိခိုက်နာကျင်အောင်  ယာဉ်ကိုမဆင်မခြင် မောင်းနှင်သူ  ကိုမင်းလွင်အား ဆားလင်းကြီးမြို့မ ရဲစခန်းက အမှုဖွင့် အရေးယူဆောင်ရွက်လျက်ရှိကြောင်း  သိရှိရသည်။

 

ဦးငယ်  (ဆားလင်းကြီး)