ငွေကျပ်တန်ဖိုး သိန်းပေါင်း ၈၈၆၀ဝ ကျော်ရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇန်နဝါရီ ၂၅ ရက် မွန်းလွဲ ၁၂ နာရီခွဲတွင် မရမ်းကုန်းမြို့နယ်၊ အမှတ်(၂)ရပ်ကွက်၊ ဝါဝါဝင်းလမ်း၊ အမှတ်(မ/၄)၊ (၄)လွှာနေ အောင်ရဲကျော်(ခ)ဖိုးခွား၏နေအိမ်ကို ဝင်ရောက်ရှာဖွေရာ ဘိန်းဖြူ သုည ဒသမ ဝ၀၁၂ ကီလို၊ စိတ်ကြွရူးသွပ်ဆေးပြား ၁,၃၄၀ ၊ လက်ကိုင်ဖုန်း ၂ လုံးတို့ကိုလည်း‌ကောင်း၊ အလားတူ ဇန်နဝါရီ ၂၄ ရက် ည ၁၁ နာရီခွဲက မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် ကျိုင်းတုံမြို့နယ်၊ ကတ်ထိုက်ကျေးရွာအုပ်စု၊ ဝမ်ကျန်ကျေးရွာအနီး၊ ကတ်ထိုက်- ကတ်တောင် ကျေးရွာသွားလမ်းတွင် လောတာ မောင်းနှင်ပြီး လီဆူလိုက်ပါလာသော မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ငွေကျပ်သိန်း ၈၄၀ဝ၀ တန်ဖိုးရှိ အိုက်စ် ၃၃၆ ကီလို၊ အမ်-၂၂ မောင်းပြန်ရိုင်ဖယ် (ခေါက်ဒင်) ၁ လက်၊ ၎င်းကျည် ၇၅ တောင့်၊ ၎င်းကျည်အိမ် ၃ ခု၊ လက်ကိုင်ဖုန်း ၂ လုံးနှင့်စကားပြောစက် ၁ လုံးတို့ကိုလည်းကောင်း၊
ဆီဆိုင်နှင့် ပင်လောင်းမြို့နယ်တို့၌ ဘိန်းစိုက်ခင်း ၁၀ ဧက ဖျက်ဆီး
ရှမ်းပြည်နယ်၊ ဆီဆိုင်မြို့နယ်ရဲတပ်ဖွဲ့ဝင်များပါဝင်သည့် ပူးပေါင်းအဖွဲ့သည် ဇန်နဝါရီလ ၂၅ ရက်တွင် ပုံဆွေပင်ကျေးရွာ၏ အနောက်မြောက်ဘက် ၂ ဖာလုံခန့်အကွာ ၌ အမြင့် ၁ ပေခန့်ရှိ သီးပွင့်ဆဲ ဘိန်းခင်း စုစုပေါင်း ၈ ဧကခန့်အား ဖျက်ဆီးခဲ့ကြောင်း သိရသည်။
လယ်ဝေးမြို့နယ်၊ မင်းပြင်ကြိုးဝိုင်းအတွင်းမှ သစ်ခွဲသားများ သိမ်းဆည်းရမိ
လယ်ဝေးမြို့နယ်၊ မင်းပြင်ကြိုးဝိုင်း အကွက်အမှတ်(၅၅)၊ (၆၅)၊ (၆၆)နေရာများမှ အခြားသား ၁၂၆ ချောင်း၊ ၂၂ ဒသမ  ၇၇၃၄ တန် သိမ်းဆည်းရမိ
ညောင်ဦးမြို့ ၊ ပုဂံမြို့ဟောင်းသွားလမ်းတွင် ကားနှင့်စက်ဘီး မျက်နှာချင်းဆိုင်တိုက်မှုဖြစ်ပွား အမျိုးသားတစ်ဦး သေဆုံး
မန္တလေးတိုင်းဒေသကြီး ၊ ညောင်ဦးမြို့ ၊ အမှတ်(၇) ဝက်ကြီးအင်းရပ်ကွက် နဂါးကျစ်ဘိုးဘွားရိပ်သာအနီး  ပုဂံမြို့ဟောင်းသွား ကားလမ်းတွင် ဇန်နဝါရီ ၂၆ ရက် နံနက် ၁၁ နာရီအချိန်ခန့်တွင် ကားနှင့် စက်ဘီး မျက်နှာချင်းဆိုင် ယာဉ်တိုက်မှုဖြစ်ပွားပြီး အမျိုးသားတစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။ 
ကျိုက်ထို၌ ကျူးကျော်နေအိမ်(၇)လုံး မီးလောင်မှုဖြစ်ပွား
မွန်ပြည်နယ် ကျိုက်ထိုမြို့ ဇေယျာမွန်ရပ်ကွက်ရှိ ကျူးကျော်များနေထိုင်သည့်နေရာတွင် ယမန်နေ့ မွန်းလွဲ ၃ နာရီခန့်က မီးလောင်မှုဖြစ်ပွားခဲ့ရာ နေအိမ် ၇ လုံး မီးလောင်ဆုံးရှုံးခဲ့ကြောင်း သိရသည်။
ဓားထောက်ခြိမ်းခြောက်၍ ပစ္စည်းလုယက်သူ ၉ ဦးအား မုံရွာခရိုင်ရဲတပ်ဖွဲ့မှ ဖမ်းဆီးအရေးယူ
စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ပေါ်တွင် ညအချိန် လမ်းသွားလမ်းလာများအား ဓားထောက်ခြိမ်းခြောက်၍ ပစ္စည်းလုယက်သူ ၉ ဦးအား ဇန်နဝါရီ ၂၅ ရက်က ဖမ်းဆီးရရှိကြောင်း မုံရွာခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး သောင်းညွန့်ထံမှ သိရသည်။
ဆီဆိုင်၊ နမ့်ခမ်းနှင့် တာချီလိတ်မြို့နယ်တို့တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ