မီးဖိုချောင် မီးကြွင်းမီးကျန်မှတစ်ဆင့် လူနေအိမ်များ မီးကူးစက်လောင်ကျွမ်းမှု ဖြစ်ပွား
မွန်ပြည်နယ်၊ သထုံမြို့နယ်၊ သုဝဏ္ဏဝတီမြို့၊ သိမ်ဆိပ်ရပ်ကွက်၊ မင်းတဲစုအပိုင်းတွင် ဖေဖော်ဝါရီလ နံနက် ၁ နာရီအချိန်က မီးဖိုချောင်မီးကြွင်းမီးကျန်မှတစ်ဆင့် လူနေအိမ် ၁၁ လုံး မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။








