ပြင်ဦးလွင်နှင့် လှိုင်သာယာမြို့နယ်တို့တွင် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ
မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့ သည် ဖေဖော်ဝါရီ ၂၄ ရက် နံနက် ၇ နာရီခွဲက ပြင်ဦးလွင်မြို့၊ အမှတ်(၁၂)ရပ်ကွက်၊ သံလွင်လမ်း သွယ်(၃)လမ်းနေ ကျော်ဟိန်းစိုး(ခ)အာနိုး၏ နေအိမ်ကိုရှာဖွေရာ ၎င်းနှင့်အတူ သူရှိန်းအောင်၊ ရန်နိုင်ဝင်း(ခ)ချစ်ဖြူ၊ ရန်လင်းဇေယျာအောင် (ခ)ကတုံးတို့အား တွေ့ရှိရပြီး နေအိမ် အတွင်းမှ စိတ်ကြွရူးသွပ် ဆေးပြား ၄,၁၀၃ ပြားနှင့် လက်ကိုင်ဖုန်းတစ်လုံးတို့ကို သိမ်းဆည်းရမိခဲ့ကြောင်း






