ကလော၊ ကျိုင်းတုံ၊ ပင်လောင်း၊ နမ့်စန်၊ ကွန်ဟိန်းမြို့နယ်တို့တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့သည် ဖေဖော်ဝါရီ ၂၅ရက် မွန်းလွဲ ၁ နာရီခွဲက ကလောမြို့နယ်၊ ရေယားကျေးရွာအနီး၊ ကလော-သာစည် သွား ကားလမ်းတွင် ချမ်းမြေ့ကိုကို မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်အား ရပ်တန့်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁,၆၀၀ နှင့် လက်ကိုင်ဖုန်းတစ်လုံးတို့ကိုလည်းကောင်း၊








