စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့တွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေချိန် ကာလအတွင်း နေ့စဉ် ည ၁၀ နာရီမှ နံနက် ၄ နာရီအတွင်း မည်သူမျှ အကြောင်းမဲ့သွားလာခြင်း မပြုရန် အမိန့်ထုတ်ပြန်ထားရှိရာ ဧပြီ ၂၆ ရက် ည ၁၁ နာရီက မြို့ပေါ်ရပ်ကွက်များအတွင်းရှိ လမ်းမများပေါ်၌ အကြောင်းမဲ့သွားလာနေသူ ၁၂ ဦးတို့အား ထောင်ဒဏ် (၃)လစီ ချမှတ်လိုက်ကြောင်း သိရသည်။