မရမ်းကုန်းမြို့နယ်၌ လောင်းကစားဂိမ်းဆိုင်များ ဖမ်းဆီးအရေးယူထား
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ (၁) ရပ်ကွက် ဘုရင့်နောင်ပွဲရုံတန်း အခန်းအမှတ် (ဂ/၂၇/B) ရှိ Super Top (SS) ဂိမ်းဆိုင်၌ ဧပြီ ၂၉ ရက် ညနေ ၃ နာရီခွဲက ငါးမန်းဂိမ်း လောင်းကစားပြုလုပ်နေကြောင်း သတင်းအရ တိုင်းတပ်ဖွဲ့မှူးရုံးမှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့က သွားရောက်စစ်ဆေးခဲ့သည်။








