ရန်ကုန်-ပုသိမ် ကားလမ်း ဗြိုက်ကြီးကျေးရွာအနီးတွင် ဆိုင်ကယ်တိမ်းမှောက်မှုကြောင့် အမျိုးသားတစ်ဦး သေဆုံး
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ်၊ ဗြိုက်ကြီးအုပ်စု၊ ဗြိုက်ကြီးကျေးရွာအနီးတွင် ယနေ့မွန်းလွဲပိုင်းက ဆိုင်ကယ်တိမ်းမှောက်မှုကြောင့် အမည်မသိအမျိုးသားတစ်ဦး သေဆုံးမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။







