သင်္ဃန်းကျွန်းမြို့နယ်တွင် ဆိုင်ကယ်ဖြင့် ဆွဲကြိုးလုယူ ထွက်ပြေးသူအား ဖမ်းဆီးရမိ
မေ ၅ ရက် နံနက် ၉ နာရီက တရားလို ဒေါ်-----သည် တူဖြစ်သူနှင့်အတူ သင်္ဃန်းကျွန်းမြို့နယ်၊ ခွန်နီလမ်း၊ အေးဓမ္မာရုံရှေ့ရှိ မာလကာပင်မှ မာလကာသီးခူးရန်ပြင်နေစဉ် အမည်မသိ အမျိုးသားတစ်ဦးက ဆိုင်ကယ်ဖြင့် ရောက်ရှိလာပြီး ၎င်း၏လည်ပင်းမှ ဆွဲသီးပါ ရွှေချိန် (၁) ကျပ်ခွဲသားခန့်ရှိ ဆွဲကြိုးအား ဆွဲဖြတ်ယူဆောင်သွားသဖြင့် သုဝဏ္ဏနယ်မြေရဲစခန်းတွင် အမှုဖွင့်တိုင်တန်းခဲ့သည်။





