ပြည်ကြီးတံခွန်နှင့် သံတွဲ မြို့နယ်များ၌ ညမထွက်ရအမိန့် ဖောက်ဖျက်သူများအား အရေးယူ
မန္တလေးတိုင်းဒေသကြီး ပြည်ကြီးတံခွန်မြို့နယ် စက်မှုနယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့ သည် အောက်တိုဘာ ၂ ရက် နံနက်ပိုင်းတွင် နယ်မြေအတွင်း လှည့်ကင်းတာဝန်ဆောင်ရွက်စဉ် ချမ်းမြသာယာ ရပ်ကွက် ၇၈ လမ်းအရောက် ညမထွက်ရအမိန့်အားဖောက်ဖျက်ပြီး အကြောင်းမဲ့သွားလာနေသူ ငွေတောကျီကုန်း ရပ်ကွက်နေ အောင်သက်ပိုင်(ခ) ကောင်းကောင်း(၁၉)နှစ်ပါ နှစ်ဦးအားတွေ့ရှိ၍ မြို့နယ်တရားရုံးသို့ ဦးတိုက်လျှောက် တရားစွဲ တင်ပို့သွားမည်ဖြစ်ကြောင်း သိရသည်။






