မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့ သည် အောက်တိုဘာ ၅ ရက် ည ၆ နာရီ မိနစ် ၅၀ က သတင်းအရ တာချီလိတ်မြို့၊ ရန်အောင်မြေရပ်ကွက်၊ ပါလျှံ(၃)၊ ဗိုလ်ချုပ်လမ်းမပေါ်တွင် စိုင်းဆွေအောင် (ခ)အိုက်ခမ်း မောင်းနှင်လာသော Toyota Hilux Revo အမျိုးအစား မော်တော်ယာဉ်ကို ရပ်တန့်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁,၆၉၈,၀၀၀ သိမ်းဆည်းရမိခဲ့ကြောင်း။