ပညာဗဟုသုတနှင့် အရည်အသွေးပြည့်ဝပြီး အနာဂတ်တွင် တိုင်းပြည်အတွက် ဦးဆောင်ဦးရွက်ပြုနိုင်သူများ ဖြစ်လာစေရန် ရည်ရွယ်၍ ကလေးစာပေပွဲတော်များ စည်ကားသိုက်မြိုက်စွာကျင်းပပေးလျက်ရှိ
ကလေးများစာအုပ်စာပေ နှစ်သက်မွေ့လျော်ကာ ရာသက်ပန်ပညာရှာမှီးသူများ ဖြစ်လာစေရန်၊ ပွဲတော်၌ ပျော်ရွှင်စွာဆင်နွှဲရင်း စုပေါင်းအလုပ်များတွင် ဝိုင်းဝန်းပါဝင် တတ်သည့် အလေ့အထကောင်းများရရှိလာစေရန်၊ ပညာဗဟုသုတနှင့် အရည်အသွေး ပြည့်ဝ၍ အနာဂတ်တွင် တိုင်းပြည်အတွက် ဦးဆောင်ဦးရွက်ပြုနိုင်သူများ ဖြစ်လာစေရန် ရည်ရွယ်ချက်များနှင့်အညီ ယနေ့နံနက်ပိုင်းတွင် မြိတ်မြို့၌ ကလေးစာပေပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပသည်။