၂၀၁၇ ခုနှစ်၊ ကရင်ပြည်နယ် အခြေခံစာတတ်မြောက်ရေးလုပ်ငန်း ဖွင့်ပွဲအခမ်းအနားကျင်းပ

၂၀၁၇ ခုနှစ်၊ ကရင်ပြည်နယ် အခြေခံစာတတ်မြောက်ရေးလုပ်ငန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၈ နာရီတွင် ဘားအံမြို့ ဇွဲကပင်ခန်းမ၌ ကျင်းပသည်။
တိုင်းရင်းသားဘာသာ သင်ကြားရေး ဆရာ၊ ဆရာမများကို နေ့စားလပေးဝန်ထမ်းများအဖြစ် ခန့်ပေးမည်
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနသည် တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ အခြေခံပညာကျောင်းများတွင် လက်ရှိတိုင်းရင်းသားစာပေ ဘာသာစကားသင်ကြားနေသော တစ်လကျပ် ၃၀ဝ၀ဝ ရရှိနေသူ တိုင်းရင်းသားဘာသာသင် ဆရာ၊ ဆရာမများကို နေ့စားလပေး ဆရာ၊ဆရာမများအဖြစ် ခန့်ထားနိုင်ရေးအတွက် ပညာရေးဝန်ကြီးဌာနနှင့် ညှိနှိုင်းဆောင်ရွက်နေသည်ဟု သိရသည်။