စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ဆီထွက်သီးနှံဧက (၁၄)သိန်းကျော် စိုက်ပျိုးပြီးစီး
စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလကုန်အထိ ဆီထွက်သီးနှံမျိုးစုံ (၁၄၀၄၈၂၈) ဧကကို စိုက်ပျိုးပြီးစီးခဲ့ပြီဖြစ်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူး ဦးဝင်းလှိုင်ဦးထံမှ သိရသည်။








