ချီဖွေမြို့၌ ရာသီပေါ် နှစ်ရှည်လိမ္မော်ပင်များ အောင်မြင်ဖြစ်ထွန်း
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ချီဖွေမြို့နှင့် (၇)မိုင်ခန့်အကွာတွင် တည်ရှိသည့် ချီဖွေငယ် ရေအားလျှပ်စစ်ဓာတ်အားပေး စက်ရုံအနီးတွင် စိုက်ပျိုးထားသော ရာသီပေါ် နှစ်ရှည် လိမ္မော်သီးပင်များ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရှိရသည်။





