ကြာအင်းဆိပ်ကြီးမြို့နယ်၌ သံပရာသီးဈေးနှုန်း ကျဆင်း
ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကြာအင်းဆိပ်ကြီးမြို့နယ်တွင် သံပရာပင်များ စိုက်ပျိုးအောင်မြင် ဖြစ်ထွန်းလျက်ရှိပြီး နှစ်စဉ်သံပရာသီးများစွာ ထွက်ရှိကာ နွေရာသီကာလတွင် ဈေးနှုန်းကောင်းစွာ ရရှိသော်လည်း မိုးရာသီတွင် ဈေးနှုန်းကျဆင်းလျက်ရှိကြောင်း သိရသည်။








