တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတ မစ္စတာ ရှီကျင့်ဖျင်  ပေကျင်းမြို့ရှိ နိုဗယ် ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ရေးနှင့် ထိန်းချုပ်ရေး လုပ်ငန်းခွင်သို့ သွားရောက်စစ်ဆေး
တရုတ် ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူး ရှီကျင့်ဖျင်သည် မြို့တော်ပေကျင်းရှိ နိုဗယ် ကိုရိုနာဗိုင်းရပ်စ် အဆုတ်ရောင်ရောဂါ ကာကွယ်ရေးနှင့် ထိန်းချုပ်ရေး လုပ်ငန်းသို့ ယနေ့ဖေဖော်ဝါရီ ၁၀ ရက်တွင် သွားရောက်စစ်ဆေးခဲ့ကြောင်း သိရသည်။
အစုလိုက်အပြုံလိုက် အသတ်ခံရတဲ့ကိစ္စနဲ့ပတ်သက်ပြီး ထိုင်းဝန်ကြီးချုပ်က တိုင်းပြည်ကို မိန့်ခွန်းပြောကြားမယ်
ထိုင်းနိုင်ငံ ခိုရတ်မြို့မှာ အရာခံဗိုလ်တစ်ဦးရဲ့ ပစ်ခတ်မှုကြောင့် လူပေါင်း ၂၉ ဦး သေဆုံးပြီး ၅၇ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။ အဲဒီကိစ္စနဲ့ပတ်သတ်ပြီး ထိုင်းဝန်ကြီးချုပ် ပရာယွတ် ချန်အိုချာက ဒီနေ့ ညနေ ၆ နာရီမှာ ရုပ်မြင်သံကြားကနေ တစ်ဆင့် ၅ မိနစ်ခန့် မိန့်ခွန်းပြောကြားမှာဖြစ်ပါတယ်။
ဆားစ်ရောဂါထက် သေဆုံးနှုန်းမြင့်လာတဲ့ ကိုရိုနာဗိုင်းရပ်စ်
တရုတ်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ပိုးကြောင့် သေဆုံးသူဟာ ၉၀၈ ဦးရှိပြီး ဗိုင်းရပ်စ်ပိုး ကူးစက်ခံရသူ ၄၀,၁၇၁ ဦးရှိကြောင်း တနင်္လာနေ့က ထုတ်ပြန်ပါတယ်။ အခုသေဆုံးတဲ့ အရေအတွက် ဆားစ်ရောဂါပိုးကြောင့် သေဆုံးသူ အရေအတွက်ထက် ပိုများနေပေမယ့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ကတော့ ကိုရိုနာဗိုင်းရပ်စ်ပိုးပျံ့နှံ့မှုဟာ တည်ငြိမ်လာပြီလို့ ပြောပါတယ်။
ကူဒက်ဇ် ပြည်နယ်ရှိ လေယာဉ်ကွင်းကို တာလီဘန်စစ်သွေးကြွများ ဒုံးကျည်များ ဖြင့်တိုက်ခိုက်
တာလီဘန်စစ်သွေးကြွများသည် အာဖဂန်နစ္စတန်နိုင်ငံမြောက်ပိုင်း ကူဒက်ဇ်ပြည်နယ်ရှိ လေယာဉ်ကွင်းတစ်ကွင်းကို ယမန်နေ့က ဒုံးကျည်များ ဖြင့် တိုက်ခိုက်ခဲ့သည်ဟု ထိုပြည်နယ်ရှိ စစ်ဘက်ဆိုင်ရာပြောရေးဆိုခွင့်ရှိသူ အဗ္ဗဒူလ်ခါလီလီ က ပြောကြားခဲ့သည်။