ဆားစ်ရောဂါထက် သေဆုံးနှုန်းမြင့်လာတဲ့ ကိုရိုနာဗိုင်းရပ်စ်

၁၀ ဖေဖော်ဝါရီ 

တရုတ်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ပိုးကြောင့် သေဆုံးသူဟာ ၉၀၈ ဦးရှိပြီး ဗိုင်းရပ်စ်ပိုး ကူးစက်ခံရသူ ၄၀,၁၇၁ ဦးရှိကြောင်း တနင်္လာနေ့က ထုတ်ပြန်ပါတယ်။ အခုသေဆုံးတဲ့ အရေအတွက် ဆားစ်ရောဂါပိုးကြောင့် သေဆုံးသူ အရေအတွက်ထက် ပိုများနေပေမယ့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ကတော့ ကိုရိုနာဗိုင်းရပ်စ်ပိုးပျံ့နှံ့မှုဟာ တည်ငြိမ်လာပြီလို့ ပြောပါတယ်။

 

9366

 

၂၀၀၂ -၂၀၀၃ ခုနှစ်ဖြစ်ပွားခဲ့တဲ့ ဆားစ်ရောဂါပိုးကြောင့် သေဆုံးသူ ၇၇၄ ဦးသာ ရှိခဲ့ပါတယ်။ ပြီးခဲ့တဲ့ လေးရက်က ထွက်ပေါ်လာတဲ့ ထုတ်ပြန်ချက်အရ ဟူဘေပြည်နယ်မှာ ဗိုင်းရပ်စ်ပိုး ကူးစက်ခံရသူ အရေအတွက်ဟာ တည်ငြိမ်မှုရှိကြောင်း ဒါပေမယ့် ကူးစက်ခံရတဲ့သူ ပမဏ တိုးပွားလာနိုင်ကြောင်း ပြောပါတယ်။ 

 

355

 

အစိုးရက ဟူဘေပြည်နယ်မှာ အသွားအလာမရှိအောင် ပိတ်ပင်ထားပြီး ဗိုင်းရပ်စ်ပိုးပျံ့နှံ့မှုကို ထိန်းချုပ်နိုင်အောင် ကြိုးစားမှုကို ဒေသခံတွေက ဒေါသဖြစ်လာတာကိုလည်း တွေ့ရပါတယ်။ ဒေသတွင်းအစိုးရက သူတို့ကို အိမ်ထဲမှာ အတတ်နိုင်ဆုံးနေဖို့ပြောပေမယ့် ဈေးဆိုင်တွေမှာ ဝယ်ချင်တဲ့ ပစ္စည်းအလုံအလောက်မရှိတဲ့အတွက် သူတို့ဟာ မကြာခဏ အပြင်ထွက်နေရကြောင်း အိမ်ရှင်မ ဝေက ပြောပါတယ်။ 

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ရဲ့ နိုင်ငံတကာကျွမ်းကျင်ပညာရှင်များ ပါဝင်တဲ့အဖွဲ့ဟာ တနင်္ဂနွေနေ့က တရုတ်နိုင်ငံကို ထွက်ခွာသွားပြီဖြစ်ပါတယ်။  ပညာရှင်တွေပါဝင်တဲ့ ဒီအဖွဲ့ဟာ ဗိုင်းရပ်စ်ပိုး ပျံ့နှံ့မှုကို ထိန်းချုပ်ရာတွင် ပါဝင်ကူညီဖို့ဖြစ်ပါတယ်။ 

 

6607

 

တရုတ်နိုင်ငံအပြင်ဘက်ရှိ နိုင်ငံဒေသပေါင်း ၂၇ နေရာကို ကိုရိုနာဗိုင်းရပ်စ်ပိုးဟာ ပျံ့နှံ့သွားပြီး ဖိလစ်ပိုင်နဲ့ ဟောင်ကောင်မှာ သေဆုံးသူ တစ်ဦးစီရှိတာကိုတွေ့ရပါတယ်။  ဂျပန်နိုင်ငံမှာ ဆိုက်ကပ်ထားတဲ့ Diamond Princess သင်္ဘောပေါ်မှာ ခရီးသည်နဲ့ သင်္ဘောလုပ်သား စုစုပေါင်း ၃၇၀၀ ဦးထဲမှ ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ခံရသူ ၁၃၀ ဦး ရှိသွားပြီလို့ သိရပါတယ်။ 

MDN
ကိုးကား -AFP