အမေရိကန်စစ်လေယာဉ်များ ထိုင်ဝမ်အနီး ပျံသန်း
ထိုင်ဝမ်အနီးတွင် ယမန်နေ့က အမေရိကန်စစ်လေယာဉ် သုံးစင်း ပျံသန်းခဲ့ခြင်းသည် ထိုင်ဝမ်ကျွန်းကို  စစ်ရေးအရ ဆက်လက် ဖိအားပေးမှုများကြောင့် တရုတ်နိုင်ငံကို ထောက်လှမ်းစုံစမ်းရန်   ရည်ရွယ်ခြင်း ဖြစ်သည်။
အိန္ဒိယနိုင်ငံမြောက်ပိုင်းတွင် ယဉ်မတော်တဆမှုကြောင့် ၁၄ ဦး သေဆုံး ၃၀ ဒဏ်ရာရ
အိန္ဒိယနိုင်ငံမြောက်ပိုင်း အတ်တာပရာဒေ့ရှ်ပြည်နယ်ရှိ လမ်းမပေါ်တွင် ယမန်နေ့ညက မတော်တဆမှုကြောင့် ၁၄ ဦး သေဆုံးခဲ့ပြီး ၃၀ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ‌ဒေသန္တရရဲတပ်ဖွဲ့က ယနေ့ နံနက်တွင် ရဲဌာနသို့ တင်ပြခဲ့သည်။ 
ကိုလံဘီယာနိုင်ငံတွင် လေယာဉ်ပျက်ကျမှုဖြစ်ပွား လေးဦးသေဆုံး
ကိုလံဘီယာနိုင်ငံ မြို့တော် ဘိုဂိုတာ၏မြောက်ဘက်တွင် ယမန်နေ့က အင်ဂျင်နှစ်လုံးတပ် လေယာဉ်တစ်စင်းပျက်ကျခဲ့သဖြင့် လေးဦးထက်မနည်း သေဆုံးခဲ့ကြောင်း အမျိုးသားလေကြောင်းအေဂျင်စီ က ပြောကြားခဲ့သည်။
မြောက်အိုင်ယာလန်တွင် သတင်းထောက်အမျိုးသမီး သတ်ဖြတ်ခံရမှုဖြင့် လူတစ်ဦးအား တရားစွဲ
မြောက်အိုင်ယာလန်တွင် ပြီးခဲ့သည့် ဧပြီလအတွင်းက သတင်းထောက် အမျိုးသမီးတစ်ဦးအား သတ်ဖြတ်မှုဖြင့် အသက် ၅၂ နှစ်အရွယ် အမျိုးသားတစ်ဦးအား ရဲတပ်ဖွဲ့မှ တရားစွဲဆိုခဲ့သည်။
ဆိုက်ဘာတိုက်ခိုက်မှုမှာ တရုတ်နိုင်ငံမှ စတင်ခဲ့ဟု မစ်ဆူဘီရှိကုမ္ပဏီ ပြော
ပြီးခဲ့သည့်နှစ်က ဂျပန်ကုပ္မဏီကို တိုက်ခိုက်ခဲ့သည့် ဆိုက်ဘာတိုက်ခိုက်မှုသည် တရုတ်နိုင်ငံရှိ ၎င်း၏ ဆာဗာတစ်ခုမှ စတင်ခဲ့ခြင်းဖြစ်ကြောင်း မစ်ဆူဘီရှီ လျှပ်စစ်ကုမ္ပဏီက ပြောကြားခဲ့သည်။
သြစတြေးလျတောမီးဟာ ဝိသမလောဘစီးပွားရေးသမားတွေကြောင့်ဖြစ်တယ်လို့ လွှတ်တော်အမတ်တစ်ဦးက ပြော
သြစတြေးလျနိုင်ငံမှာ လောင်ကျွမ်းခဲ့တဲ့ တောမီးဟာ ဝိသမလောဘစီးပွားရေးသမားတွေမှာ တာဝန်ရှိ၊ မရှိကို စုံစမ်စစ်းဆေးရမယ်လို့ လွှတ်တော်အမတ်တစ်ဦးက ပြောပါတယ်။