အမေရိကန်စစ်လေယာဉ်များ ထိုင်ဝမ်အနီး ပျံသန်း

၁၃ ဖေဖော်ဝါရီ

 

ထိုင်ဝမ်အနီးတွင် ယမန်နေ့က အမေရိကန်စစ်လေယာဉ် သုံးစင်း ပျံသန်းခဲ့ခြင်းသည် ထိုင်ဝမ်ကျွန်းကို  စစ်ရေးအရ ဆက်လက် ဖိအားပေးမှုများကြောင့် တရုတ်နိုင်ငံကို ထောက်လှမ်းစုံစမ်းရန်   ရည်ရွယ်ခြင်း ဖြစ်သည်။

 

US MC-130 အထူးအဖွဲ့လေယာဉ်တစ်စင်းသည် ထိုင်ဝမ်ရေလက်ကြားတစ်လျှောက် မြောက်ဘက် မှတောင်ဘက်သို့ ပျံသန်းခဲ့ပြီး US B-52 ဗုံးကြဲ လေယာဉ်နှစ်စင်းသည် ထိုင်ဝမ် အရှေ့ဘက်ကမ်းရိုးတန်း ကို ဖြတ်ကျော်ကာ မြောက်ဘက်မှ တောင်ဘက်သို့ ဦးတည် ပျံသန်းခဲ့သည်ဟု ထိုင်ဝမ် အမျိုးသားကာကွယ်ရေးဝန်ကြီးဌာန က ဆိုသည်။

 

ပြီးခဲ့သည့် တနင်္ဂနွေနှင့် တနင်္လာနေ့က တရုတ်ဗုံးကြဲလေယာဉ်များနှင့် အခြားလေယာဉ်များ ထိုင်ဝမ်အနီးတွင် ပျံသန်းခဲ့ကြပြီးနောက် ယင်း ပျံသန်းမှုများဖြစ်ပေါ်လာခြင်း ဖြစ်သည်။

 

အချို့သောလေယာဉ်များသည် ထိုင်ဝမ်ရေလက်ကြားရှိ အလယ်ဗဟိုမျဉ်းကြောင်း ကို ခေတ္တဖြတ်ကျော် ကာ ထိုင်ဝမ်လေပိုင်နက်ထဲသို့ ဝင်ရောက် ပျံသန်းခဲ့ကြသည်ဟု ထိုင်ဝမ်က ဆိုသည်။

 

ဒီမိုကရက်တစ်တိုးတက်ရေးပါတီ ဉက္ကဌ Tsai Ing-wenသည် ဇန်နဝါရီလတွင် ပြန်လည် ရွေးကောက် တင်မြှောက်ခြင်း ခံရပြီးနောက်ပိုင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရန့် အစိုးရသည် ထိုင်ဝမ်နှင့် ဆက်ဆံရေး ပိုမိုနက်ရှိုင်းလာသည်။

ကိုးကား-အန်အိတ်ချ်ကေ

ဘာသာပြန်-မြင့်မြင့်ချို