ဒုတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် (၁၇)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ဖေဖော်ဝါရီ ၄ ရက်တွင် ကျင်းပမည်

ဒုတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် (၁၇)ကြိမ်မြောက် ပုံမှန်အစည်းအဝေးကို ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီ ၄ ရက်၊ တနင်္လာနေ့ နံနက် ၁၀ နာရီတွင် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် အစည်းအဝေးခန်းမတွင် စတင်ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်ရုံးမှ သိရသည်။
ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင် ဆဋ္ဌမအကြိမ်မြောက် လေ့လာရေးရောက်ရှိနေသည့် နယ်စပ်ဒေသအသီးသီးမှ လူငယ်မောင်မယ်များအား တွေ့ဆုံနှုတ်ဆက်
နယ်စပ်ဒေသအသီးသီးမှ လေ့လာရေးအဖွဲ့များအား ယနေ့ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီးမှ တာဝန်ရှိသူများနှင့်အတူ နယ်စပ်ရေးရာဝန်ကြီးဌာန စုပေါင်းခန်းမ၌ တွေ့ဆုံနှုတ်ဆက်သည်။
ကမ္ဘောဒီးယားနိုင်ငံ ဒုတိယဝန်ကြီးချုပ် နိုင်ငံခြားရေးနှင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး H.E.Mr.PRAK Sokhonn နှင့်အဖွဲ့ နေပြည်တော်သို့ ရောက်ရှိ
မြန်မာနိုင်ငံက အိမ်ရှင်အဖြစ်  လက်ခံကျင်းပမည့် မြန်မာ-ကမ္ဘောဒီးယား နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ပူးတွဲကော်မရှင်၏ ဒုတိယအကြိမ်မြောက် ဝန်ကြီးအဆင့်အစည်းအဝေးသို့ တက်ရောက်ရန် ကမ္ဘောဒီးယားနိုင်ငံ .............
တိုက်ကြီးမြို့နယ်၌ တရားမဝင်ကျွန်းသစ်ခွဲသား၊ တံခါးရွက်များ ဖမ်းဆီးရမိ

နေပြည်တော် ၃၁ ဇန်နဝါရီ

လန်ချန်း - မဲခေါင် ဒေသတွင်းရှိ အနုပညာရှင်လူငယ်များ မန္တလေးရတနာမော(လ်) ကျောက်မျက်အရောင်းဆိုင်သို့ လေ့လာ 
မန္တလေးမြို့တွင် ဇန်နဝါရီ ၂၇ ရက်မှ ၃၁ ရက်အထိ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(မန္တလေး)မှ ကျင်းပပြုလုပ်သည့် လန်ချန်း - မဲခေါင် ဒေသတွင်းရှိ အနုပညာရှင် လူငယ်များတွေ့ဆုံပွဲသို့ တက်ရောက်လာကြသည့် နိုင်ငံခြောက်နိုင်ငံမှ အနုပညာရှင်လူငယ်များသည် ယနေ့ မန္တလေးရတနာမော(လ်) ကျောက်မျက်နှင့် လက်ဝတ်ရတနာ အရောင်းဆိုင်သို့ လေ့လာကြသည်။
ဒုတိယသမ္မတ ဦးမြင့်ဆွေ (၇၂)နှစ်မြောက် ပြည်ထောင်စုနေ့ကျင်းပရေး ဗဟိုကော်မတီ ဒုတိယအကြိမ် ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်အမှာစကား ပြောကြား
၂၀၁၉ ခုနှစ် (၇၂)နှစ်မြောက် ပြည်ထောင်စုနေ့ကျင်းပရေး ဗဟိုကော်မတီ ဒုတိယအကြိမ် ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတရုံး အစည်းအဝေး ခန်းမ၌ ကျင်းပရာ
နှစ်အလိုက်တင်သွင်းခွင့်ပြုခဲ့သော အသုံးပြုနိုင်သည့် ပြုပြင်ထားခြင်းမရှိသော စက်ပစ္စည်းများကို ၂၀၁၉ ခုနှစ်တွင် အထူးကိစ္စရပ်အနေဖြင့် ဆက်လက်တင်သွင်းခွင့်ပြု
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် အသေးစား/အလတ်စား စက်မှုလုပ်ငန်းများအပါအဝင် စက်မှုကုန်ထုတ်လုပ်ငန်းများ လုပ်ငန်းတည်ထောင် ဆောင်ရွက်ရာ၌ အထောက်အကူဖြစ်စေရန်နှင့် ရင်းနှီးမြှုပ်နှံမှု ကုန်ကျစရိတ် သက်သာစေရန်အတွက် ၂၀၁၅ ခုနှစ်မှစ၍ နှစ်အလိုက်တင်သွင်းခွင့်ပြုခဲ့သော အသုံးပြုနိုင်သည့် ပြုပြင်ထားခြင်းမရှိသော စက်ပစ္စည်း (Used Machine) များကို ၂၀၁၉ ခုနှစ်တွင် အထူးကိစ္စရပ်အနေဖြင့် ဆက်လက်တင်သွင်းခွင့်ပြုလိုက်ကြောင်း အဆိုပါဝန်ကြီးဌာနမှ သိရသည်။