စဉ်ဆက်မပြတ် ဆေးပညာဟောပြောပွဲနှင့် ပြည်သူလူထု ကျန်းမာရေး အသိပညာပေး ဟောပြောပွဲကျင်းပ
မြန်မာနိုင်ငံ ဆရာဝန်အသင်း(ရန်ကုန်တိုင်းဒေသကြီး)က ကြီးမှူး၍ စဉ်ဆက်မပြတ် ဆေးပညာဟောပြောပွဲနှင့် ပြည်သူလူထုကျန်းမာရေး အသိပညာပေး ဟောပြောပွဲကို ယနေ့ မွန်းလွဲ ၁ နာရီက ရန်ကုန်မြို့ သြဘာလမ်းနှင့် ကျောက်ရေတွင်းလမ်းထောင့်ရှိ တာမွေ မြို့နယ် အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း အုန်းတောခန်းမ၌ ကျင်းပသည်။