အိမ်မှာနေကြတဲ့အခါ လိုက်နာစရာ

မင်္ဂလာပါကလေးတို့ရေ။ အားလုံးပဲ ကိုဗစ်-၁၉ ကြောင့် ပုရွက်ဆိတ်လေးတွေလို ကိုယ့်အိမ်မှာပဲ ကိုယ်နေကြရတာပေါ့။ ဒီလိုအချိန်မှာ ယဉ်ကျေးပျူငှာတဲ့ လောကဝတ်ကလေးတွေကို လေ့ကျင့်ရင်း လူတော်လူကောင်းလေးတွေဖြစ်လာဖို့ ကြိုးစားနေကြမယ်လို့ မမက ထင်ပါတယ်။ ဒါကြောင့် ကလေးတို့ အထောက်အကူဖြစ်စေဖို့အတွက် အချက်အလက်အချို့ကို မျှဝေပါရစေ။