ဘရာဇီးနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရမှုကြောင့် တစ်ရက်အတွင်း  ၂၃၈၃ ဦး ထပ်မံသေဆုံး

ဘရာဇီးနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရမှုကြောင့် တစ်ရက်အတွင်း ထပ်မံသေဆုံးသူ ၂၃၈၃ ဦးရှိသဖြင့် သေဆုံးသူပေါင်း ၄၃၀၄၁၇ ဦး အထိမြင့်တက်လာသည်ဟု ကျန်းမာရေးဝန်ကြီးဌာနက ပြောကြားသည်။
ဗီယက်နမ်နိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ  ဒေသတွင်းကူးစက်သူ ၂၉ ဦး ထပ်မံတွေ့ရှိ
ဗီယက်နမ်နိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူဦးရေ ၃၀ ထပ်မံတွေ့ရှိခဲ့သည်။ ထိုရောဂါကူးစက်ခံရသူများ အနက် ၂၉ ဦးသည် ပြည်တွင်းကူးစက်မှုဖြစ်ပြီး  ပြည်ပမှပြန်လာသူ တစ်ဦးတို့ ဖြစ်သည်။
ချီလီနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပြီးသူ ၁၆ သန်းကျော်ရှိ
ချီလီနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံရေး လှုပ်ရှားမှုကို ဖေဖော်ဝါရီလက စတင်ခဲ့သဖြင့် ကာကွယ်ဆေးထိုးနှံပြီးသူ ၁၆ သန်းကျော်ရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ယမန်နေ့က ပြောကြားခဲ့သည်။
ဘရာဇီးနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရမှုကြောင့် ၂၄၉၄ ဦး ထပ်မံသေဆုံး
ဘရာဇီးနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရမှုကြောင့် လွန်ခဲ့သည့် ၂၄ နာရီအတွင်း ၂၄၉၄ ဦး ထပ်မံသေဆုံးခဲ့ပြီး သေဆုံးသူပေါင်း ၄၂၈၀၃၄ ဦးရှိလာသည်ဟု ကျန်းမာရေးဝန်ကြီးဌာနက ယမန်နေ့ကပြောကြားသည်။
အစ္စရေး- ပါလက်စတိုင်း တိုက်ပွဲအရှိန်လျှော့ကြရန် အပြည်ပြည်ဆိုင်ရာ အသိုင်းအဝိုင်းက တိုက်တွန်း

mdn

တူရကီနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၁၃၆၀၄ ဦး ထပ်မံတွေ့ရှိ
တူရကီနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါလက္ခဏာပြသူ ၁၇၃၄ ဦးအပါအဝင် ရောဂါကူးစက်ခံရသူ ၁၃၆၀၄ ဦး ထပ်မံတွေ့ရှိခဲ့သောကြောင်း ကူးစက်ခံရပေါင်း ၅၀၄၄၉၃၆ ဦး ရှိလာသည်ဟု ကျန်းမာရေးဝန်ကြီးဌာန၏ပြောကြားချက်အရ သိရသည်။
မွန်ဂိုလီးယားနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၄၅၄၅၉ ဦးရှိလာ