ဘရာဇီးနိုင်ငံ၌ ဗိုင်းရပ်စ်ကူးစက်ခံရသူ ၈၈၃၃ ဦး ထပ်မံတွေ့ရှိ
ဘရာဇီးနိုင်ငံ၌ လွန်ခဲ့သော ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၈၈၃၃ ဦး ထပ်မံစစ်ဆေး တွေ့ရှိပြီး အဆိုပါ ရောဂါကြောင့် ၂၁၇ ဦး ထပ်မံ သေဆုံးခဲ့ကြောင်း ဘရာဇီးကျန်းမာရေးဝန်ကြီးဌာန က သတင်းထုတ်ပြန်သည်။





