တူရကီနိုင်ငံ၌ အားပြင်းမုန်တိုင်းတိုက်ခတ်မှုကြောင့် လူလေးဦးသေဆုံး၊ ၁၉ ဦးဒဏ်ရာရ
တူရကီနိုင်ငံ၏ အကြီးဆုံးမြို့ဖြစ်သော အစ္စတန်ဘူလ်တွင် ယမန်နေ့က အားကောင်းသော အနောက်တောင်လေမုန်တိုင်း တိုက်ခတ်မှုဖြစ်ပွားခဲ့ရာ သေဆုံးသူလေးဦးအထိတိုးလာသည်ဟု အစ္စတန်ဘူလ်အုပ်ချုပ်ရေးရုံးက ထုတ်ပြန်ချက်တစ်ခုတွင် ပြောကြားထားသည်။








