တောင်ကိုရီးယားနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၃၈၅၉ ဦး ထပ်မံတွေ့ရှိ

တောင်ကိုရီးယားနိုင်ငံတွင် တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၃၈၅၉ ဦး ထပ်မံတွေ့ရှိခဲ့ပြီး ရောဂါကူးစက်ခံရသူပေါင်း ၆၉၆၀၃၂ ဦးအထိ မြင့်တက်လာသည်။
ပါလက်စတိုင်းနိုင်ငံ၌ အိုမီခရွန်ဗီဇပြောင်းဗိုင်းရပ်စ် ကူးစက်ဖြစ်ပွားသူဦးရေ ၇၀၀ ရှိလာ
ပါလက်စတိုင်းနိုင်ငံတွင် အိုမီခရွန်ဗီဇပြောင်းဗိုင်းရပ်စ်ကူးစက်ဖြစ်ပွားသူပေါင်း ၇၀၀ ရှိလာကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ယမန်နေ့ကပြောကြားသည်။
တူရကီနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးတစ်ကြိမ် ထိုးနှံပြီးသူ ၅၇ ဒသမ ၂၄ သန်းကျော်ရှိ
တူရကီနိုင်ငံ၌ နိုင်ငံသား ၅၇ ဒသမ ၂၄ သန်းကျော်သည် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးတစ်ကြိမ် ထိုးနှံမှုခံယူပြီး ဖြစ်ကြောင်း တူရကီကျန်းမာရေးဝန်ကြီးဌာနက ယနေ့တွင် ပြောကြားသည်။
စင်ကာပူနိုင်ငံ၌ အသက်ငါးနှစ်မှ ၁၁ နှစ်အရွယ် ကလေးငယ် တစ်သိန်းကျော် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ပထမအကြိမ်ထိုးနှံပေးပြီဖြစ်
စင်ကာပူနိုင်ငံ၌ အသက်ငါးနှစ်မှ ၁၁ နှစ်အရွယ် ကလေးငယ် တစ်သိန်းကျော်အား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ပထမအကြိမ် ထိုးနှံပေးပြီးဖြစ်ကြောင်း စင်ကာပူနိုင်ငံ ပညာရေးဝန်ကြီးဌာနက ဇန်နဝါရီ ၁၅ ရက်တွင် ပြောကြားသည်။ ။
အာဂျင်တီးနားနိုင်ငံ၌ တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၉၆၆၅၂ ဦးရှိ
အာဂျင်တီးနားနိုင်ငံ၌ လွန်ခဲ့သည့် တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၉၆၆၅၂ ဦး ထပ်မံတွေ့ရှိ ခြင်းကြောင့် နိုင်ငံတစ်ဝန်းတွင် ရောဂါ ကူးစက်ခံရသူပေါင်း ၇၀၂၉၆၂၄ ဦးရှိလာကြောင်း အာဂျင်တီးနား ကျန်းမာရေး ဝန်ကြီးဌာနက ပြောကြားသည်။
ငယ်ရွယ်သောဆရာဝန်များ၏ အခန်းကဏ္ဍအရေးကြီးကြောင်း လစ်ဗျားဝန်ကြီးချုပ် ပြောကြား
လစ်ဗျားနိုင်ငံ၏ ကျန်းမာရေးစောင့်ရှောက်မှုကဏ္ဍ မြှင့်တင်ရန်အတွက် ငယ်ရွယ်သော ဆရာဝန်များ၏ လုပ်ငန်းစွမ်းဆောင်မှု အခန်းကဏ္ဍသည် အရေးကြီးကြောင်း လစ်ဗျားဝန်ကြီးချုပ် အဗ္ဗဒူဟာမစ် ဒီဘီဘာက ပြောကြားသည်။
ရေအောက်မီးတောင်ပေါက်ကွဲမှုကြောင့် ပီရူးနိုင်ငံ၌ ဆူနာမီဖြစ်ပေါ်
တွန်ဂါနိုင်ငံအနီးရှိ ရေအောက်မီးတောင်ပေါက်ကွဲမှုကြီးကြောင့် ဆူနာမီဖြစ်ပေါ်ခဲ့ပြီး ယင်းနေရာမှ ကီလိုမီတာ ၁၀၀၀၀ အကွာရှိ ပီရူးနိုင်ငံ ကမ်းရိုးတန်းတွင်လည်း ဆူနာမီပေါ်ပေါက်ခဲ့သည်ဟု သိရသည်။