အိန္ဒိယနိုင်ငံ၌ တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ နှစ်သိန်းရှစ်သောင်းကျော် ထပ်မံတွေ့ရှိ
အိန္ဒိယနိုင်ငံတွင် လွန်ခဲ့သော ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၂၈၆၃၈၄ ဦး ရှိသောကြောင့် ကိုဗစ်ရောဂါကူးစက်ခံရသူပေါင်း ၄၀၃၇၁၅၀၀ အထိ မြင့်တက်လာသည်ဟု ကျန်းမာရေးဝန်ကြီး ဌာန၏ နောက်ဆုံးထုတ်ပြန်ချက်အရ သိရသည်။








