ဂျပန်နိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါကူးစက်မှု ပြန်လည်မြင့်တက်

ဂျပန်နိုင်ငံတွင် ကာလတစ်ခုအကြာ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုအရေအတွက် ကျဆင်းခဲ့ပြီးနောက် ထိုရောဂါကူးစက်မှုမှာ တစ်ဖန်ပြန်လည်မြင့်တက်လာလျက်ရှိသည်။
အမေရိကန်နိုင်ငံ၌ ကိုဗစ်မျိုးကွဲ ဘီအေ-၄၊ ဘီအေ-၅ အမျိုးအစားကူးစက်ခံရသူဦးရေမှာ ကိုဗစ်-၁၉ရောဂါ ထပ်မံကူးစက်မှု၏ ၇၀ ရာခိုင်နှုန်းရှိ
အမေရိကန်နိုင်ငံတွင် အိုမီခရွန်မျိုးကွဲ ဘီအေ-၄၊ ဘီအေ-၅ အမျိုးအစားကူးစက်ခံရသူဦးရေသည် ကိုဗစ်ရောဂါ ထပ်မံကူးစက်မှု၏ ၇၀ ရာခိုင်နှုန်းရှိသည်ဟု ခန့်မှန်းထားကြောင်း သိရှိရသည်။
ပနားမားနိုင်ငံ၌ မျောက်ကျောက်ရောဂါကူးခံရသူတစ်ဦး ပထမဆုံးတွေ့ရှိ
အဆိုပါရောဂါကူးစက်မှုကိုရှောင်ရှားရန် ထိုရောဂါကူးစက်ခံရသူနှင့် ထိတွေ့မှုရှိသူများကို ချက်ချင်းပင် ဆေးစစ်တမ်း လုပ်ဆောင်ခဲ့သည်ဟု ပါနာမာနီရမ်ဆေးရုံရှိ သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ဆူခီကပြောကြားသည်။
တောင်ကိုရီးယားနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၁၉၃၇၁ ဦး ထပ်မံတွေ့ရှိ
တောင်ကိုရီးယားနိုင်ငံတွင် လွန်ခဲ့သော ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၁၉၃၇၁ ဦး ထပ်မံတွေ့ရှိခဲ့ပြီးနောက် ထိုရောဂါကူးစက်ခံရသူပေါင်း ၁၈၄၃၃၃၅၉ ဦး ရှိလာသည်ဟု ကျန်းမာရေးဆိုင်ရာတာဝန်ရှိသူများက ယနေ့တွင် ပြောကြားသည်။
မလေးရှားနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၂၉၃၂ ဦး ထပ်မံတွေ့ရှိ
မလေးရှားနိုင်ငံတွင် တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၂၉၃၂ ဦး ထပ်မံတွေ့ရှိခဲ့ပြီးနောက် ရောဂါကူးစက်ခံရသူပေါင်း ၄၅၇၈၇၄၁ ဦး ရှိလာကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ပြောကြားသည်။
ပါကစ္စတန်နိုင်ငံ၌ မိုးရွာသွန်းမှုနှင့်ဆက်စပ်သည့် မတော်တဆဖြစ်ပွားမှုများကြောင့် လူ ၂၅ ဦး သေဆုံး
ပါကစ္စတန်နိုင်ငံအနောက်တောင်ပိုင်း ဘာလိုချီစတန်ပြည်နယ်တွင် မိုးရွာသွန်းမှုနှင့်ဆက်စပ်သည့် မတော်တဆ ဖြစ်ပွားမှုများကြောင့် လူ ၂၅ ဦး သေဆုံးခဲ့ကြောင်း ပြည်နယ်သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှု အာဏာပိုင်အဖွဲ့၏ ညွှန်ကြားရေးမှူးချုပ်( ပီဒီအမ်အေ )က ယမန်နေ့ကပြောကြားသည်။
အိန္ဒိယနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၁၃၀၈၆ ဦး ထပ်မံတွေ့ရှိ
အိန္ဒိယနိုင်ငံ၌  လွန်ခဲ့သည့်တစ်ရက် အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ  ၁၃၀၈၆ ဦး ထပ်မံတွေ့ရှိသဖြင့် ကိုဗစ်-၁၉  ရောဂါကူးစက်ခံရသူပေါင်း