ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်း၌ ရေကြီးရေလျှံမှုကြောင့် လူ ၁၃ ဦးထက်မနည်းသေဆုံး
ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်း မာဂင်ဒါနောပြည်နယ်ရှိ မြို့များတွင် ညလုံးပေါက် ရေကြီးရေလျှံမှုများဖြစ်ပွားသဖြင့် ယနေ့တွင် လူ၁၃ ဦးထက်မနည်းသေဆုံးပြီး ပျောက်ဆုံးနေသူများရှိကြောင်း ဒေသန္တရတာဝန်ရှိသူတစ်ဦးက ပြောကြားသည်။



