ယီမင်နိုင်ငံ၌ လောင်စာဆီပြတ်လပ်မှုကြောင့် တိုက်ဇ်ပြည်နယ်ရှိ အကြီးဆုံးဆေးရုံကြီး ပိတ်လိုက်ရ
လောင်စာဆီပြတ်လပ်မှုကြောင့် ယီမင်နိုင်ငံ အနောက်တောင်ပိုင်း တိုက်ဇ်ပြည်နယ်အတွင်းရှိ အကြီးဆုံး ဆေးရုံကြီးတစ်ခုကို ဒီဇင်ဘာ ၂၅ ရက်က ပိတ်ခဲ့ရပြီး စစ်ဘေးသင့်အာရပ်နိုင်ငံအတွင်း လူနာပေါင်း ထောင်နှင့်ချီ၍ ထိခိုက်ခဲ့ရကြောင်း ဆေးဘက်ဆိုင်ရာ တာဝန်ရှိသူများက ဆင်ဟွာသို့ ပြောကြားသည်။








