ရုရှားလေဆိပ်ကို ပြန်လည်ရောက်ရှိလာတဲ့ အတိုက်အခံခေါင်းဆောင်ကို ချက်ချင်း ဖမ်းဆီး

ရုရှားနိုင်ငံက အတိုက်အခံခေါင်းဆောင် အယ်လက်ဆီ နာဗာလ်နီ ဟာ အဆိပ်မိခဲ့တဲ့အတွက် ဂျာမနီနိုင်ငံမှာ လပေါင်းများစွာ ဆေးကုသခံယူခဲ့ပြီး နောက် ...............
အသွားအလာ ကန့်သတ်မှု မရှိတဲ့ ဒူဘိုင်းတစ်ခွင်က ခရီးသွားလုပ်ငန်း ပြန်လည် လည်ပတ်
ကမ္ဘာတစ်ဝန်းမှာ ကိုရိုနာ ဗိုင်းရပ်စ်ပိုး ကူးစက်မှုကို ထိန်းချုပ်ရန် တင်းကျပ်တဲ့ အသွားအလာ ကန့်သတ်မှုတွေ ရှိနေပေမယ့် ယူအေအီးနိုင်ငံ ဒူဘိုင်းမှာတော့ ခရီးသွားတွေအတွက် တံခါးတွေ အားလုံးကို လွတ်လွတ်လပ်လပ် ဖွင့်ပေးထားပါတယ်။
၂၀၂၀ ခုနှစ် တာဝန်ထမ်းဆောင်ချိန်တွင်  တရုတ်ရဲတပ်ဖွဲ့ဝင် ဦးရေ ၄၈၀ သေဆုံး
၂၀၂၀ ခုနှစ် တာဝန်ထမ်းဆောင်ချိန်တွင် ရဲအရာရှိ ၃၁၅ ဦးနှင့် အရန်ရဲတပ်ဖွဲ့ဝင် ၁၆၅ ဦးတို့ သေဆုံးခဲ့သည်ဟု တရုတ်နိုင်ငံ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန၏ ပြောကြားချက်အရ သိရသည်။
ဘယ်လ်ဂျီယံနိုင်ငံရှိ ဘိုးဘွားရိပ်သာတွင် ဗြိတိန်နိုင်ငံမှ ဗီဇပြောင်း ဗိုင်းရပ်စ်ပိုးသစ် တွေ့ရှိ
ဘယ်လ်ဂျီယံနိုင်ငံရှိ ဘိုးဘွားရိပ်သာတစ်ခုမှာ နေထိုင်သူ လူပေါင်း ၁၀၀ ကျော်တွင် ဗြိတိန်နိုင်ငံမှ ဗီဇပြောင်း ဗိုင်းရပ်စ်ပိုးသစ် တွေ့ရှိကြောင်း အဲ့ဒီ ဘိုးဘွားရိပ်သာရဲ့ ဒါရိုက်တာ ရာဂင် ဒိုက်က တနင်္ဂနွေနေ့က ပြောပါတယ်။
ပြင်သစ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရမှုကြောင့် ၁၄၁ ဦး ထပ်မံသေဆုံး
ပြင်သစ်နိုင်ငံတွင် ပြီးခဲ့သည့် ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၁၆၆၄၂ ဦးနှင့် သေဆုံးသူ ၁၄၁ ဦး ရှိကြောင်း ပြည်သူ့ ကျန်းမာရေး အေဂျင်စီက ယမန်နေ့က ထုတ်ပြန်ခဲ့သည်။
အီသီယိုးပီးယားနိုင်ငံမှ ဒုက္ခသည် ၅၈၀၀၀ ကျော် ဆူဒန်နိုင်ငံသို့ ထွက်ပြေးဟု ကုလ ပြောကြား
အီသီယိုးပီးယားနိုင်ငံ မြောက်ဘက် တီဂရေးဒေသတွင် စစ်ရေးတိုက်ခိုက်မှုများကြောင့် ဒုက္ခသည် ၅၈၀၀၀ ကျော်သည် အိမ်နီးချင်းနိုင်ငံဖြစ်သည့် ဆူဒန်နိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးမှ ယမန်နေ့က ပြောကြားခဲ့သည်။
ဩစတြေးလျ နယ်စပ်ဂိတ်တွေကို ၂၀၂၁ ခုနှစ်အတွင်း လွတ်လွတ်လပ်လပ် ဖွင့်ပေးနိုင်မှာ မဟုတ်ကြောင်း ကျန်းမာရေးဝန်ကြီးပြော
ဩစတြေးလျ ကျန်းမာရေးဝန်ကြီးက ဩစတြေးလျရဲ့ နိုင်ငံတကာ နယ်စပ်ဂိတ်တွေကို ခရီးသည်တွေ လွတ်လွတ်လပ်လပ် သွားလာခွင့်ရအောင် ဒီနှစ်အတွင်းမှာ ဖွင့်နိုင်မယ်လို့ မထင်ကြောင်း ဒီနေ့ (တနင်္လာနေ့) မှာ ပြောကြားပါတယ်။