ဗီယက်နမ်နိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ နေ့စဉ်ကူးစက်မှု စံချိန်တင်

ဗီယက်နမ်နိုင်ငံ၌ ယနေ့ ဆေးမှတ်တမ်းများအရ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၆၀၃၅၅ ဦး စံချိန်တင် စစ်ဆေးတွေ့ရှိခဲ့ရာ ရောဂါကူးစက်ခံရသူပေါင်း ၂၉၇၂၃၇၈ ဦး ရှိလာပြီဖြစ်ကြောင်း ယနေ့ သတင်းများအရ သိရသည်။
သီရိလင်္ကာနိုင်ငံက ခရီးသွားလုပ်ငန်းမြှင့်တင်ရန် အမေရိကန်ဒေါ်လာ ၅၆ သန်းသုံးစွဲမည်
သီရိလင်္ကာနိုင်ငံ၏ ခရီးသွားလုပ်ငန်းဖွံ့ဖြိုး တိုးတက်ရေးအတွက် ကန်ဒေါ်လာ ၅၆ သန်း သုံးစွဲသွားရန် စီစဉ်ထားကြောင်း သီရိလင်္ကာခရီးသွား လုပ်ငန်းဝန်ကြီး ပရာဆန်နာ ရန်နာ တန်ဂါက ယနေ့ ပြောကြားသည်။
ကမ္ဘောဒီးယားနိုင်ငံတွင် အသက်သုံးနှစ်နှင့် လေးနှစ်ကလေးများကို တရုတ်ဆီနိုဗက် ကာကွယ်ဆေးများ စတင်ထိုးနှံပေး
ကမ္ဘောဒီးယားနိုင်ငံတွင် နေ့စဉ်အိုမီခရွန်ဗိုင်းရပ်စ်ကူးစက် ဖြစ်ပွားမှုများ မြင့်တက်လာသောကြောင့် အသက်သုံးနှစ်နှင့် လေးနှစ်ကလေးများကို တရုတ်ဆီနိုဗက် ကိုဗစ်-၁၉ ကာကွယ်ဆေးများ ဖေဖော်ဝါရီ ၂၃ ရက်က စတင်ထိုးနှံပေးခဲ့သည်။
ဘရာဇီးနိုင်ငံ ပက်ထရိုပိုလီစ်မြို့တွင် မိုးသည်းထန်စွာ ရွာသွန်းခဲ့သောကြောင့် ရေကြီး၊ မြေပြိုမှုများဖြစ်ပွားပြီး သေဆုံးသူ ၁၈၅ ဦးအထိ ရှိလာ
ဘရာဇီးနိုင်ငံ ရီယိုဒီဂျနေးရိုး မြောက်ဘက်ရှိ ပက်ထရိုပိုလီစ်မြို့ တွင် မှတ်တမ်းတင်ရလောက်အောင် မိုးအကြီးအကျယ် ရွာသွန်းခဲ့သောကြောင့် ရေကြီး၊ မြေပြိုမှုများ ဖြစ်ပွားပြီး .............
ကုလသမဂ္ဂသည် ကမ္ဘာ့အဖွဲ့အစည်းကြီး တစ်ခုအနေဖြင့် ယူကရိန်းပဋိပက္ခနှင့် ပတ်သက်ပြီး ငြိမ်းချမ်းသော အဖြေတစ်ခုရှာတွေ့ရန် ဘယ်တော့မှ လက်လျှော့သွားမည်မဟုတ်ကြောင်း ဂူတာရက်စ်ပြော
ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က ကုလသမဂ္ဂသည် ကမ္ဘာ့အဖွဲ့ အစည်းကြီးတစ်ခုအနေဖြင့် ယူကရိန်းပဋိပက္ခနှင့် ပတ်သက်ပြီး ငြိမ်းချမ်းသော အဖြေတစ်ခုရှာတွေ့ရန်ဘယ်တော့မှ လက်လျှော့သွားမည် မဟုတ်ကြောင်း ပြောကြားလိုက်သည်။
ကမ္ဘောဒီးယားနိုင်ငံ၌ အသက်သုံးနှစ်နှင့် လေးနှစ်အရွယ်ကလေးငယ်များအား ဆီနိုဗက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံမှုစတင်
နိုင်ငံတစ်ဝန်းတွင် ထိုအသက်အရွယ်ရှိကလေးဦးရေ ၇၀၀၀၀၀ ခန့်ကို  ဖနွမ်ပင်မြို့တော်တွင် ကိုဗစ်ကာကွယ်ဆေး ပထမဦးဆုံးအကြိမ်ထိုးနှံပေးခြင်းဖြစ်သည်။
အိန္ဒိယနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူပေါင်း ၄၂ သန်းကျော်ရှိ
အိန္ဒိယနိုင်ငံတွင် လွန်ခဲ့သော ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၁၅၁၀၂ ဦးထပ်မံတွေ့ရှိခဲ့သောကြောင့် ရောဂါကူးစက်ဖြစ်ပွားသူပေါင်း ၄၂၈၆၇၀၃၁ ဦးအထိ မြင့်တက်လာသည်ဟု ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။