မျက်နှာ မပါတဲ့ ကလေးမွေးဖွားပြီးနောက် ဆရာဝန်ကို အလုပ်က ရပ်နား
ပေါ်တူဂီနိုင်ငံမှာ အောက်တိုဘာလဆန်းပိုင်းက မွေးဖွားခဲ့တဲ့ ကလေးတစ်ဦးမှာ နှာခေါင်းနဲ့ မျက်လုံးတွေမပါတဲ့ ကလေးငယ် တနည်းပြောရရင် ဦးခေါင်းတစ်ခြမ်းမပါတဲ့ ကလေးတစ်ဦးမွေးဖွားပြီး အဲဒီကလေးရဲ့ မိခင်ကို စစ်ဆေးပေးတဲ့ ဆရာဝန်တစ်ဦးကို အလုပ်က ရပ်နားလိုက်တာဖြစ်ပါတယ်။







