ဘယ်လ်ဂျီယံ ပထမဆုံး အမျိုးသမီး ဝန်ကြီးချုပ် ခန့်အပ်

ဘယ်လ်ဂျီယံဘုရင် ဖိလစ်သည် ဒီဇင်ဘာလတွင် ဉရောပကောင်စီ ဉက္ကဋ္ဌဖြစ်လာမည့် ချာလပ်စ် မီရှယ်လ် နေရာတွင် အစားထိုး ခန့်အပ်ရန် ဘဏ္ဍာရေးနှင့် ပြည်သူ့ရေးရာ ဝန်ဆောင်မှု ဝန်ကြီး ဆိုဖီ ဝီလမ်အား ယာယီဝန်ကြီးချုပ် အသစ်အဖြစ် ခန့်အပ်ခဲ့သည်။
ကိုလံဘီယာတွင် သမ္မတစီးနင်းသော လေတပ်ဖွဲ့စုမှ ရဟတ်ယာဉ်ပျက်ကျ ခြောက်ဦးသေဆုံး
ကိုလံဘီယာနိုင်ငံ အလယ်ပိုင်း ကူဒီနာမာကာ ဒေသရှိ ကျေးလက်ဒေသ တစ်ခုတွင် သမ္မတ စီးနင်းသော လေယာဉ်စု၏ ပါဝင်သော ရဟတ်ယာဉ်တစ်စင်း ပျက်ကျခဲ့သဖြင့် လေယာဉ်အမှုထမ်း ခြောက်ဉီး လုံး သေဆုံးခဲ့ကြောင်း ကိုလံဘီယာလေတပ်အဖွဲ့က ယမန်နေ့က ထုတ်ပြန်ကြေညာခဲ့သည်။
အာဖဂန် ရွေးကောက်ပွဲ ရလဒ်များကို နိုဝင်ဘာ ၁၄ ရက်နေ့ ကြေညာမည်
ပြီးခဲ့သည့် စက်တင်ဘာလက ကျင်းပခဲ့သော သမ္မတရွေးကောက်ပွဲ ပဏာမရလဒ်များကို နိုဝင်ဘာလလယ်တွင် ကြေညာမည် ဟု အာဖဂန်ရွေးကောက်ပွဲ အာဏာပိုင်များက ဆိုသည်။
လစ်ဗျားတွင် ဆေးဝန်ထမ်းများတိုက်ခိုက်ခံရမှု ကုလရှုတ်ချ

စီးပွားရေးပြုပြင်ပြောင်းလဲရေးနှင့်သမ္မတနုတ်ထွက်ရေး ချီလီပြည်သူများဆန္ဒပြ

စိတ်ဝင်စားစရာ ဘရက်ဆစ်အချိန်ရွှေ့ဆိုင်းမှု

ရွေးကောက်ပွဲ ဥဒေချိုးဖောက်မှုကြောင့် ဂျပန်စက်မှုဝန်ကြီး ရာထူးမှနုတ်ထွက်
ဂျပန်စက်မှုဝန်ကြီး အစ်ရှူ ဆူဂါဝါရာသည် ရွေးကောက်ပွဲဥပဒေကို ချိုးဖောက်သည်ဆိုသော အစီရင်ခံချက်များကြောင့် သောကြာနေ့က ရာထူးမှ နုတ်ထွက်ခဲ့သည်။ ဝန်ကြီးချုပ် ရှင်ဇိုအာဘေးသည် ယခင် ဒေသဆိုင်ရာ ပြန်လည်ဖွံ့ဖြိုးရေးဝန်ကြီးဟောင်း ဟီရိုရှီ ကာဂျီယာမာကို ယင်းနေရာတွင် အစားထိုးခန့်အပ်ရန် ရှိသည်။