အီတလီနိုင်ငံတွင် ၆ လ ကျော်ပိတ်ထားတဲ့ ကျောင်းတွေပြန်ဖွင့်ပြီ
အီတလီနိုင်ငံက သန်းပေါင်းများစွာသော ကျောင်းသူကျောင်းသားတွေဟာ ဒီနေ့ (တနင်္လာနေ့)မှာတော့ ကျောင်းတွေ ပြန်ဖွင့်နေတဲ့အတွက် စာသင်ခန်းတွေဆီကို ပြန်လည်ရောက်ရှိလာပြီဖြစ်ပါတယ်။ အီတလီနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါပိုးကြောင့် ကျောင်းတွေ ၆ လကျော်ပိတ်ထားခဲ့ပါတယ်။ 
တရုတ်နိုင်ငံဆိုင်ရာ အမေရိကန်သံအမတ် ရာထူးမှနှုတ်ထွက်
တရုတ်နိုင်ငံဆိုင်ရာ အမေရိကန်သံအမတ် တယ်ရီဘရန်းစတပ် နှုတ်ထွက်သွားကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပီအိုက ဒီနေ့(တနင်္လာနေ့)မှာ ကြေညာပါတယ်။ ကမ္ဘာ့အင်အားကြီး စီးပွားနှစ်နိုင်ငံကြားမှာ တင်းမာမှုတွေ တိုးနေချိန်မှာ သံအမတ်ရာထူးမှ နှုတ်ထက်သွားတာဖြစ်ပါတယ်။ 
ဥရောပတွင် လာမယ့်နှစ်လအတွင်း ဗိုင်းရပ်စ်ပိုးကြောင့် သေဆုံးသူများလာနိုင်ကြောင်း သတိပေးပြောကြား
ဥရောပတွင် ကိုရိုနာဗိုင်းရပ်စ်ပိုးကြောင့် အောက်တိုဘာ၊ နိုဝင်ဘာလတွေမှာ သေဆုံးသူများလာနိုင်ကြောင်း ကမ္ဘာ့ကျန်းမာရေး အဖွဲ့ရဲ့ ကျွမ်းပညာရှင်တွေက ဒီနေ့(တနင်္လာနေ့)မှာ သတိပေးပြောကြားပါတယ်။ 
ယိုရှီဟီဒါ ဆူဂါ ကို ဂျပန်ဝန်ကြီးဖြစ်လာနိုင်သူအဖြစ် ရွေးချယ်လိုက်ကြောင်း သိရ
ဂျပန်ဝန်ကြီးချုပ် တာဝန်ကို ယူထားတဲ့ ရှင်ဇိုအာဘေးက ကျန်းမာရေးကြောင့် တာဝန်မှာ အနားယူပြီးနောက် အာဏာရပါတီက ပါတီခေါင်းဆောင်အသစ်ကို ဒီနေ့ (တနင်္လာနေ့) မှာ မဲပေးရွေးချယ်လိုက်ပါတယ်။ ပါတီခေါင်းဆောင်သစ်ကို အစိုးရအဖွဲ့ရဲ့ အတွင်းရေးမှူးဖြစ်သူ ယိုရှီဟီဒါ ဆူဂါကို ရွေးချယ်လိုက်ကြောင်း သိရပါတယ်။
မိုက်ခရိုဆော့ရဲ့ ကမ်းလှမ်းချက်ကို တစ်တော့ပယ်ချ
အမေရိကန် နည်းပညာကုမ္ပဏီ မိုက်ခရိုဆော့(Microsoft) ရဲ့ ကမ်းလှမ်းချက်ကို တစ်တော့ (TikTok) က တနင်္ဂနွေနေ့က ပယ်ချကြောင်း သိရပါတယ်။