ဗီဇပြောင်း ဗိုင်းရပ်စ် ကူးစက်မှု တွေ့ရှိရသဖြင့် ဩစတြေးလျနိုင်ငံ တတိယ အကြီးဆုံးမြို့တွင် အသွားအလာ ကန့်သတ်မှု သုံးရက်ကြာပြုလုပ်
ဩစတြေးလျနိုင်ငံ၏ တတိယ အကြီးဆုံးမြို့ဖြစ်သော ဘရစ္စဘိန်းမြို့တွင် ဒေသခံတစ်ဦးတွင် ကိုဗစ်-၁၉ ဗီဇပြောင်း ဗိုင်းရပ်စ်ကူးစက်မှု တွေ့ရှိခဲ့သဖြင့် ဇန်နဝါရီ ၈ ရက် မွန်းလွဲပိုင်းမှစတင်ကာ သုံးရက်ကြာ အသွားအလာ ကန့်သတ်မှုပြုလုပ်မည် ဖြစ်သည်။








