ဘရာဇီးတွင် ဩဂုတ်လလယ်နောက်ပိုင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရမှုကြောင့် သေဆုံးမှု ဒုတိယ အများဆုံးနေ့ဖြစ်
ဘရာဇီးနိုင်ငံတွင် ယမန်နေ့က ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရမှုကြောင့် သေဆုံးသူ ၁၃၄၀ ရှိသဖြင့် ဩဂုတ်လ ၁၉ ရက်နောက်ပိုင်း သေဆုံးမှု ဒုတိယ အများဆုံးနေ့ဖြစ်ကြောင်း ကျန်းမာရေး ဝန်ကြီးဌာနက ပြောကြားသည်။






