နိုင်ဂျီးရီးယား အရှေ့တောင်ပိုင်းတွင် ဘတ်စ်ကား တိမ်းမှောက်မှု ဖြစ်ပွား လူသုံးဦးသေဆုံး၊ လေးဦး ဒဏ်ရာရ
နိုင်ဂျီးရီးယားနိုင်ငံ အရှေ့တောင်ပိုင်း အီဘိုနီး ပြည်နယ်တွင် ယမန်နေ့က ထိုင်ခုံ ၁၈ ခုံပါ ဘတ်စ်ကား တစ်စီး တိမ်းမှောက်မှု ဖြစ်ပွားခဲ့ရာ လူသုံးဦး သေဆုံးခဲ့ပြီး အခြားလေးဦး ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့သည်ဟု ရဲတပ်ဖွဲ့က ပြောကြားသည်။








