ပြင်ဦးလွင်မြို့တွင် လိုင်စင်မဲ့ မော်တော်ယာဉ်များအား ဖမ်းဆီးရမိ
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့တွင် လိုင်စင်မဲ့ မော်တော်ယာဉ်များအား စက်တင်ဘာ ၂၃ ရက်မှ စတင်၍ တာဝန်ရှိ ရဲတပ်ဖွဲ့ဝင်များ ပူးပေါင်း၍ ရပ်ကွက်ကြီး (၁)၊ မန္တလေး-လားရှိုးလမ်းမ၊ တပ်မတော် နည်းပညာတက္ကသိုလ် ဂိတ်(၂) ရှေ့တွင် လိုင်စင်မဲ့ မော်တော်ယာဉ်များအား စစ်ဆေးဆောင်ရွက်ခဲ့သည်။








