နီပေါဖက်ဒရယ် ဒီမိုကရက်တစ်သမ္မတနိုင်ငံ သမ္မတ မစ္စစ် ဘီဒီယာ ဒေဗီ ဘန်ဒါရီ ဦးဆောင်သည့် ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့ နေပြည်တော်သို့ ရောက်ရှိ
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၏ ဖိတ်ကြားချက်အရ နီပေါဖက်ဒရယ် ဒီမိုကရက်တစ်သမ္မတနိုင်ငံ သမ္မတ မစ္စစ် ဘီဒီယာ ဒေဗီ ဘန်ဒါရီသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၌ တရားဝင်ချစ်ကြည်ရေးခရီးလည်ပတ်ရန် ယနေ့ညနေ ၅ နာရီခွဲတွင် နီပေါလေကြောင်းလိုင်းဖြင့် နေပြည်တော်သို့ ရောက်ရှိလာသည်။







