ထန်းတပင်မြို့နယ်မီးသတ်ဦးစီးဌာနမှ ကျေးရွာများသို့ (LIFAN)အပေါ့စား မီးသတ်ရေစုပ်စက်နှင့် ဆက်စပ်ပစ္စည်းများ ထောက်ပံ့
ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်တွင် မီးဘေးလုံခြုံရေးကို အထောက်အကူဖြစ်စေရန်နှင့် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရန် ရည်ရွယ်ချက်ဖြင့် မြို့နယ်မီးသတ်ဦးစီးဌာနမ ှကျေးရွာများသို့ (LIFAN)အပေါ့စားမီးသတ်ရေစုပ်စက်နှင့် ဆက်စပ်ပစ္စည်းများ ထောက်ပံ့ပေးအပ်ခြင်းကို ယနေ့နံနက်ပိုင်းအချိန်က အဆိုပါဦးစီးဌာနရှိ အစည်းအဝေးခန်းမ၌ ကျင်းပြုလုပ်ခဲ့ကြသည်။






