နီပေါနိုင်ငံ၊ သမ္မတ မစ္စစ် ဘီဒီယာ ဒေဗီ ဘန်ဒါရီ မြန်မာနိုင်ငံသို့ ချစ်ကြည်ရေးခရီးစဉ် လာရောက်ခဲ့ခြင်းနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ချက်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၏ ဖိတ်ကြား ချက်အရ နီပေါနိုင

တနင်္သာရီတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုဖိုရမ် တက်ရောက်ရန် နိုင်ငံတကာမှ စတင်ချိတ်ဆက် ဆောင်ရွက်လာ
တနင်္သာရီတိုင်းဒေသကြီး ရင်းနှီးမြုပ်နှံမှုဖိုရမ်ကို နိုဝင်ဘာလတွင် မြိတ်မြို့၌ ကျင်းပမည်ဖြစ်ရာ ဖိုရမ်တက် ရောက်ရန်  နိုင်ငံတကာမှ စတင်ချိတ် ဆက်ဆောင်ရွက်လာကြကြောင်း
ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ အင်ဒိုနီးရှားသမ္မတနိုင်ငံအစိုးရသစ် ကျမ်းသစ္စာကျိန်ဆိုပွဲ အခမ်းအနားသို့ တက်ရောက်
အင်ဒိုနီးရှားသမ္မတနိုင်ငံ ဂျကာတာမြို့တွင် ရောက်ရှိနေသည့် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူသည် ယနေ့ညနေ ၃ နာရီခွဲတွင် ဂျကာတာမြို့ရှိ ပြည်သူ့အတိုင်ပင်ခံလွှတ်တော်၌ ကျင်းပသည့် အင်ဒိုနီးရှားသမ္မတနိုင်ငံ အစိုးရသစ်ကျမ်းသစ္စာကျိန်ဆိုပွဲ အခမ်းအနားသို့တက်ရောက်သည်။
ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင် ကမ္ဘာလုံးဆိုင်ရာခရီးသွားလုပ်ငန်းစီးပွားရေးဖိုရမ်-၂၀၁၉ နှင့် တရုတ်-အာဆီယံ ခရီးသွားလုပ်ငန်းပြပွဲ-၂၀၁၉ တို့သို့ တက်ရောက်
ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်     ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် မကာအိုအထူးကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသအစိုးရ၏ ဖိတ်ကြားချက်အရ ကမ္ဘာ့ခရီးသွားလုပ်ငန်းအဖွဲ့ချုပ်နှင့် မကာအိုအစိုးရ လူမှုရေးနှင့်ယဉ်ကျေးမှုဌာနတို့မှကြီးမှူး၍ မကာအိုအထူးအုပ်ချုပ်ရေးဒေသ၌ အောက်တိုဘာ ၁၃ ရက်နေ့မှ ၁၅ ရက်နေ့အထိ ကျင်းပပြုလုပ်သည့် ကမ္ဘာလုံးဆိုင်ရာ ခရီးသွားလုပ်ငန်းစီးပွားရေးဖိုရမ် (Global Tourism Economy Forum-2019 GTEF) သို့ တက်ရောက်ခဲ့သည်။
ရွှေတိဂုံစေတီတော်မြတ်ကြီးအား ရွှေသင်္ကန်းတော်ကပ်လှူခြင်းဆိုင်ရာ နည်းပညာအလုပ်ရုံ‌ဆွေးနွေးပွဲ ဒုတိယနေ့ ဆက်လက်ကျင်းပ
ရွှေတိဂုံစေတီတော် ရွှေသင်္ကန်းတော် ကပ်လှူပူဇော်ခြင်းဆိုင်ရာ နည်းပညာအလုပ်ရုံ ဆွေးနွေးပွဲ ဒုတိယနေ့ကို ယနေ့နံနက် ၈ နာရီခွဲတွင် ရန်ကုန်မြို့ရှိ ရန်ကုန်တက္ကသိုလ် ဝိဇ္ဇာ ခန်းမ၌ ဆက်လက်ကျင်းပသည်။
ရာဇမဏိစူဠာကောင်းမှုတော်စေတီတွင် သံဃာအပါး ၁၅၀အား ဆွမ်းကြီးလောင်းလှူ
စစ်ကိုင်းမြို့၊ ရာဇမဏိစူဠာကောင်းမှုတော်စေတီတော် ရင်ပြင်တော်ပေါ်တွင် သီတင်းကျွတ်လပြည့်ကျော် ၇ ရက် (အောက်တိုဘာ ၂၀) ရက်နေ့ နံနက်ပိုင်းအချိန်က ပင့် သံဃာအပါး ၁၅၀ အား ဆွမ်းကြီးလောင်းလှူခဲ့ကြောင်း ကာင်းမှုတော်စေတီဂေါပကအဖွဲ့မှ သိရသည်။
ကမ္ဘာ့ပိုလီယိုနေ့အထိမ်းအမှတ် မန္တလေးကျုံးတစ်ပတ် လူထုစုပေါင်းစက်ဘီးနင်းပွဲကျင်းပ
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်၊ မန္တလေးတိုင်းဒေသ ကြီးအစိုးရအဖွဲ့ဝင်များနှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ အကြီးအကဲများနှင့် တာဝန်ရှိသူများ၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၊ Gavi၊ Unicef၊ Rotary Club တို့မှကိုယ်စားလှယ်များ၊ ပြည်သူလူထုများနှင့်အတူ ကမ္ဘာ့ ပိုလီယိုနေ့ အထိမ်းအမှတ်မန္တလေးကျုံး တစ်ပတ်လူထုစုပေါင်းစက်ဘီးနင်းပွဲသို့ ပါဝင် စီးနင်းခဲ့သည်။