ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ မွေးမြူရေးနှင့် ကုသရေးဉီးစီးဌာန တာဝန်ရှိသူများ နှင့်တွေ့ဆုံ

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ အောင်သူသည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးရုံး၌ မွေးမြူရေးနှင့် ကုသရေးဉီးစီးဌာနမှ တာဝန်ရှိသူများ နှင့်တွေ့ဆုံသည်။
ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ ၊ Japan Myanmar Association – JMA ၏ Chairman, Mr.  Hideo WATANABE ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ သည် Japan Myanmar Association – JMA ၏ Chairman, Mr. Hideo WATANABE နှင့်မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံးမှ သံမှူးကြီး Mr.Kazayuki TAKAMI တို့ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့အား ယနေ့ နံနက် ၁ဝးဝ၀ နာရီအချိန်တွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန၊ အစည်းအဝေး ခန်းမတွင် လက်ခံတွေ့ဆုံသည်။
ဒေသခံပြည်သူအခြေပြု သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး နည်းလမ်းများနှင့် မူဝါဒပိုင်းဆိုင်ရာ ဆွေးနွေးပွဲကျင်းပ

ရုပ်ရှင်ရာပြည့် အကြို မြန်မာ့ရုပ်ရှင် သမိုင်းပြတိုက်အား ဒီဇင်ဘာလတွင် ဖွင့်လှစ်ပြသမည်

ယောဂနည်းပြသင်တန်း အလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနား ကျင်းပ

အခြေခံစျေးဖြင့် စပါးဝယ်ရန် ပဲခူးတိုင်းနှင့် ဧရာဝတီတိုင်းကို ကျပ် ၁၃ ဘီလီယံ ထုတ်ပေးမည်

ကမ္ဘာလှည့်ခရီးသွားဧည့်သည်များ ကိုယ်ပိုင်မော်တော်ယာဉ်များဖြင့် လာရောက်လည်ပတ်လျက်ရှိ
နိုင်ငံခြားသားခရီးသွားဧည့်သည်များ မြန်မာနိုင်ငံသို့ ပိုမိုတိုးမြှင့်ဝင်ရောက်နိုင်ရေးအတွက် ခရီးစဉ်ဒေသအသစ်များ ဖော်ထုတ်ခြင်းနှင့်ဘက်ပေါင်းစုံမှ ဖြေလျှော့ဆောင်ရွက်မှုများကြောင့် မြန်မာနိုင်ငံ၏ထင်ရှားသောဒေသများသို့ စဉ်ဆက်မပြတ်လာရောက်လည်ပတ်လျက်ပြီး  Myanmar Senses Family Travels & Tours Co.,Ltd  ၏ စီစဉ်ဆောင်ရွက်မှုဖြင့် ၂၀၁၉ ခုနှစ် ၊ ဇန်နဝါရီလ (၁) ရက်နေ့မှ အောက်တိုဘာ(၂၂)ရက်နေ့အထိ ခရီးစဉ် (၂၃) ခု၊  မော်တော်ယာဉ် (၁၇) စီး၊ မော်တော်ဆိုင်ကယ် (၅၈) စီး၊ ခရီးသွားဧည့်သည် (၉၈)ဦးအား ဝန်ဆောင်မှုပေးနိုင်ခဲ့ကြောင်း သတင်းရရှိသည်။