တနင်္သာရီတိုင်းဒေသကြီးတွင် ကျွန်းတစ်ကျွန်းလျှင် ဟိုတယ်တစ်လုံးသာ တည်ဆောက်ခွင့်ပြုရန် ကိစ္စနှင့်ပတ်သက်၍ ညှိနှိုင်းအစည်းအဝေးကျင်းပ
တနင်္သာရီတိုင်းဒေသကြီး ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျွန်းတစ်ကျွန်းလျှင် ဟိုတယ်တစ်လုံးသာ တည်ဆောက်ခွင့်ပြုရန်ကိစ္စနှင့် ပတ်သက်၍ ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက်ပိုင်းက နေပြည်တော်ရှိ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန နီလာခန်းမ၌ ကျင်းပသည်။




