ဇီးကုန်းမြို့နယ်ခန်းမ၌ တတိယအကြိမ်မြောက် ကျန်းမာရေးစောင့်ရှောက်မှု(အခမဲ့) ဆောင်ရွက်ပေး
ဇီးကုန်းမြို့နယ် ကျန်းမာရေးစောင့်ရှောက်မှုကော်မတီမှကြီးမှူး၍ တတိယအကြိမ်မြောက် ကျန်းမာရေး စောင့်ရှောက်မှု (အခမဲ့) ဆောင်ရွက်ပေးခြင်းကို ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ဇီးကုန်းမြို့နယ် ရန်ကုန်-ပြည်လမ်းရှိ မြို့နယ်ခန်းမကြီး၌ ဇန်နဝါရီ ၁၂ ရက်က ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။






