ကန်ပက်လက်မြို့တွင် လောက်နူးမြေ ရိုးရာယဉ်ကျေးမှုနှင့် ခေါ်နူးစုမ် တောင်ဇလပ်ပန်းပွဲတော် ကျင်းပမည်
ချင်းပြည်နယ်၏ ခရီးသွားလုပ်ငန်းမြှင့်တင်ရေး၊ ခေါ်နူးစုမ်တောင်နှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရေး၊ လောက်နူးမြေရှိ ချင်းရိုးရာယဉ်ကျေးမှုနှင့် ဓလေ့ထုံးစံများ ဖော်ထုတ်နိုင်ရေး၊ ချင်းတိုင်းရင်းသား မျိုးဆက်သစ် လူငယ်များအနေဖြင့် မိမိတို့၏ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးတမ်းအစဉ်အလာများကို မတိမ်ကော မပပျောက်အောင် လက်ဆင့်ကမ်း ထိန်းသိမ်းတတ်စေရန်တို့အတွက် ရည်ရွယ်၍ တောင်ပိုင်းချင်းတောင်၏ ပထမဆုံးခရိုင်ရုံးစိုက်ခဲ့သည့် ကန်ပက်လက်မြို့တွင် ချင်းပြည်နယ်ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီမှဦးစီးပြီး လောက်နူးမြေ ရိုးရာယဉ်ကျေးမှုနှင့် ခေါ်နူးစုမ် တောင်ဇလပ်ပန်းပွဲတော်ကို ဇန်နဝါရီလ ၂၅ နှင့် ၂၆ ရက်တို့တွင် (၂) ရက်ကြာ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရ





